အိမ်ထောင်ကွဲနေတယ်ဆိုပြီး မဟုတ်မမှန်ဖြန်နေတဲ့ Cele Cele Small Page အား တုံ့ပြန်လိုက်တဲ့ ထက်ထက်မိုးဦး



မကြာသေးခင် အချိန်ကပဲ အနုပညာရှင်တွေရဲ့ အကြောင်းကို လျှောက်ဖြန့်လေ့ရှိတဲ့ ပေ့ခ်ျတစ်ခုကနေပြီးတော့ ထက်ထက်မိုးဦး မိသားစုလေး ပြုကွဲနေကြောင်း၊ ထက်ထက်မိုးဦး တို့ လင်မယား ကွာရှင်းထားကြောင်း၊ ဇူးမြတ်ထက်က အိမ်ထောင်ရေးဖောက်ပြန်နေကြောင်းစတဲ့ သတင်းမျိုးစုံပေါ်ထွက်လာပါတယ်။ ထက်ထက်မိုးဦးကတော့ ထို သတင်းတွေကို ယခုလိုမျိုးဖြေရှင်းလိုက်ပါသတဲ့.....

ထက်ထက်မိုးဦးနှင့် ဇူးမြတ်ထက်တို့ လင်မယားဟာ သူတို့နှစ်ယောက်ရဲ့ သမီးချောလေး စစ်လွန်းဝတီနှင့် အတူတူ သာယာတဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပါ။ ထက်ထက်မိုးဦး တို့ အိမ်ထောင်အကြောင်းကို မကြာခဏ သတင်းတွေထွက်သလို ထွက်တဲ့ သတင်းတော်တော်များများဟာ လည်း အိမ်ထောင်ပြိုကွဲတယ်၊ အိမ်ထောင်ရေးဖောက်ပြန်တယ် စတဲ့ သတင်တွေပဲဖြစ်ပါတယ်။

သို့သော်လည်း ထို သတင်းများသောအားဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေသာဖြစ်ပြီး ထက်ထက်မိုးဦးတို့မိသားစုကတော့ အေးအေးဆေးဆေးပဲဖြစ်ပါတယ်။ ထိုသတင်းတွေက ထွက်ပါများတော့ လူတွေက ယုံလာကြတဲ့အတွက်ကြောင့် ထက်ထက်မိုးဦးက ယခုလိုပြနိလည်ဖြေရှင်းထားတာဖြစ်ပါတယ်။

'ဇွဲကပင်ဆရာတော်ကို သွားရောက်လှူဒါန်း
Cele Cele ရေတော်တော့ နော်
ဘာမှအကျိုးမရှိတဲ့ အလုပ်တွေလုပ်နေမဲ့အစား
အကျိုးရှိတာလေးလုပ်ပါ့လား
သေရင်ကို ယ့်နောက်ပါတာပေါ့' ဆိုပြီးဖြစ်ပါတယ်။

Source : မြန်မာလုပ်
Powered by Blogger.