မိခင်ကို အပိုင်ရဖို့ကြံနေသူက မအေကိုမရတော့ သားဖြစ်သူကို အက်စစ်နဲ့ပက်ပြီး တိုက်ခိုက်ခဲ့




တစ်ခါတလေ လူတွေရဲ့ ချစ်စိတ်ဟာ ကြောက်စရာ အလွန်ကောင်းပါတယ်။ ဒီချစ်စိတ်က တစ်စုံတစ်ခုကို မျှော်လင့်သလို
ဖြစ်မလာတဲ့ အခါမျိုးမှာ အလွန်ရက်စက်တဲ့ အညှိုးအာဃာတအဖြစ် အသွင်ပြောင်းသွားပြီး မလိုအပ်တဲ့နေရာမှာ သွားအသုံးချတဲ့အခါ နှစ်ဖက် နစ်နာမှုတွေ ဖြစ်ရတော့တာပါဘဲ။

Aditya Raj  လို့ အမည်ရတဲ့ အသက် နှစ်နှစ်အရွယ် ကလေးငယ်လေးဟာ နေအိမ်မှာ ပျောက်ဆုံးသွားပြီး၊ အမှိုက်ပုံတစ်ခုမှာ သတိလစ်လျှက် အနေအထားနဲ့ စွန့်ပစ်ခံထားရတာကို တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ 13 ရက်နေ့က ဖြစ်ခဲ့တာပါ။

အက်စစ်က ပြင်းလွန်လို့ Raj ရဲ့မျက်နှာ 20% အရေကွာကျ ပျက်စီးသွားခဲ့သလို၊ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို မိခင်ဖြစ်တဲ့ အသက် 25 နှစ်အရွယ် Soni Prasad က သိရှိခဲ့ပါတယ်။ သူမရဲ့ အပြောအရ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ သူမကို အရူးအမူးချစ်ကြိုက်နေပြီး လက်ရှိခင်ပွန်းသည် Jamna (33)နှစ်ကို ကွာရှင်းပြီး သူနဲ့လက်ထပ်ဖို့ မကြာခဏ စည်းရုံးခဲ့သူ ဖြစ်ပါတယ်။

သူ့ရန်ကို ကြောက်လို့ Soni နဲ့ Jamna တို့ဟာ ယခင်နေထိုင်တဲ့နေရာကနေ Gurugram ရက်ကွက်၊ Shanti Nagar ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားအမည်ကတော့ Mangal လို့ သိရပါတယ်။ ကလေးကို အမှိုက်ပုံမှာ တွေ့လျှင်တွေ့ချင်းပဲ ဆေးရုံကို အမြန်တင်ပို့ခဲ့ကြပေမယ့် မျက်လုံးတစ်လုံးနဲ့ မျက်နှာစ်ခြမ်းကတော့ အကောင်းအတိုင်း ပြန်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ရဲတပ်ဖွဲ့ဟာ Mangal အသက် 27 နှစ်နဲ့ ဒီအမှုကို ပါဝင်ကူညီခဲ့တဲ့ အခြားအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ယခုအချိန်ထိတော့ မိခင်ဖြစ်တဲ့ Soni ဟာ သားငယ်ကို ဆိုးဝါးလှတဲ့ဒဏ်ရာတွေကို မကြည့်ရဲသေးဘူးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကိုလည်း လက်မခံနိုင်ဘဲ၊ ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်ဖို့ တောင်းဆိုထားပါတယ်။

Source : Shwemom

Powered by Blogger.