မန်ယူကွင်းလယ်လူ ရှနိုက်ဒါလင်ကို ပေါင် ၂၄ သန်းဖြင့် အဲဗာတန် ခေါ်ယူမည်


မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်လူ ရှနိုက်ဒါလင်ကို အဲဗာတန်အသင်းက ပေါင် ၂၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပါတယ်။

အဲဗာတန်အသင်းက ပေါင်သန်း ၂၀ အောက်နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး မန်ယူအသင်းက ပေါင်သန်း ၂၀ အထက် တောင်းထားတဲ့အတွက် ထပ်ပြီး ဆွေးနွေးခဲ့ရပါတယ်။

ရှနိုက်ဒါလင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အဲဗာတန်အသင်းမှာ ဆေးစစ်မှု ခံယူခဲ့ပြီးဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းတာကို စောင့်နေခဲ့တာပါ။

အခုအခါ အဲဗာတန်အသင်းက ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၂ သန်းပေးဖို့နဲ့ ပွဲကစားခွင့်အပေါ်မူတည်ပြီး ပေါင် ၂ သန်းထပ်ပေးဖို့ သဘောတူညီမှု ရခဲ့ပါပြီ။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ရှနိုက်ဒါလင်ကို အဲဗာတန်အသင်းက အပြီးသတ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး မန်ယူအသင်းကလည်း နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းကို ရောင်းထုတ်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ သိရပါတယ်။

Source : DVB

Powered by Blogger.