ဂိမ်းပေးမဆော့လို့ မိခင်ရဲ့မျက်နှာကို ခြေထောက်နဲ့ကန်တဲ့သား


ဗီဒီယိုကိုအောက်မှာနှိပ်ကြည့်ပါ


တရုတ်နိုင်ငံ တောင်ပိုင်း Guangzhou မြို့ရှိ Guangzhou City ဆေးရုံမှာ မိခင်နဲ့ သားကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အ
ကြောင်းကတော့ မိခင်ဖြစ်သူက ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့သားကို ဆက်မဆော့စေဖို့အတွက် ဖုန်းကို သိမ်းလိုက်တာပါ။ ကလေးဟာ အသက် ကိုးနှစ်အရွယ်ခန့်သာ ရှိသေးပြီး၊ အဖွားဖြစ်သူလည်း အတူတူ ရှိနေပါတယ်။

ကလေးဂိမ်းဆော့နေတဲ့ ဖုန်းဟာ မိခင်ဖြစ်သူရဲ့ ဖုန်းလို့ သိရပြီး၊ ဆက်မကစားရတဲ့အတွက် ကလေးက ဒေါသပေါက်ကွဲခဲ့တာပါ။ ဒီအဖြစ်ပျက်ကို လူနာတစ်ယောက်က မှတ်တမ်းတင်ထားခဲ့ပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ ဆေးရုံမှာ စောင့်နေရမယ့် ကြာချိန်ကို ဂိမ်းဆော့ရင်း ဖြတ်သန်းချင်ပုံ ရပါတယ်။

ဒါကြောင့် စိတ်ဆိုးပြီး မိခင်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဖွားဖြစ်သူက ကြားထဲက ဖြန်ဖြေပေးနေပေမယ့် ကလေးက မရပါဘူး။ ခြေထောက်ကို မြောက်ပြီး မိခင်ရဲ့မျက်နှာအထိ ကန်ဖို့ ကြိုးစားပါတယ်။ လေးငါးကြိမ်အထိ ကန်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရလောက်တဲ့ တိုက်ခိုက်မှုမျိုးတော့ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် သားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူဟာ အင်တာနက်ပေါ်မှာတော့ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီကလေးဟာ မိဘတွေရဲ့ လွန်လွန်ကျူးကျူး အလိုလိုက်ခံထားရတဲ့ သဘောမျိုး ရှိမယ်ထင်ပါတယ်။ ကာယကံရှင်တွေရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ ကလေးကို ဒီလောက် မိုက်ရိုင်းလိမ့်မယ်လို့ ထင်မထားကြောင်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။

Source : Shwemom

Powered by Blogger.